---စိတ်ကြွရူးသွပ်ဆေးပြားသည် မက်တာဖက်တမင်း(Mathamphathamin)ခေါ် ဓာတုဓာတ်ပေါင်းဆေးဝါးနှင့် ကဖင်း(Caffeine)ဟုခေါ်သော သဘာဝဓာတ်ပေါင်း တစ်မျိုးတို့ပေါင်းစပ်ပြီး ထုတ်လုပ်ထားသော ဆေးဖြစ်ပါသည်။ကဖင်း(Caffeine)သည် အဓိက အားဖြစ် ကော်ဖီစေ့တွင် ပါဝင်ပြီး လူကိုတတ်ကြွလန်းဆန်းစေသည်။
မက်တာဖက်တမင်း(Mathamphathamin)ကို ၁၈၈၇ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်၌ ရိုမေးနီးယား ဓာတုပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့သည်။ယင်းဆေးပြားကို သုံးစွဲခြင်းဖြင့်အမောအပန်းခံနိုင်ခြင်း၊တတ်ကြွလန်းဆန်းခြင်းဟူသော ယူဆချက်ဖြင့် ဂျာမန်တပ်မတော်၏ တပ်သားများကို သုံးစွဲစေခဲ့ပါသည်။ထို့နောက် ဂျာမန်တပ်မတော်သားများ သာမက မဟာမိတ်တပ်ပေါင်းစုတို့ကပါ သုံးစွဲခဲ့ကြကြောင်း ဆိုကြသည်။ယင်းဆေးကို ကမ္ဘာအနှံသို့ ပြန့်နှံ့ ရောက်ရှိလာကာ တိရစ္ဆာန်များ၏ဆေးဝါးအဖြစ် ပြိုင်မြင်းများကို အမောအပန်းခံနိုင်ရန် တိုက်ကျွေးကြသဖြင့်"မြင်းဆေး"ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ယခုအခါ ယာမခေါ် မြင်းဆေးဟု လူသိများလာသည်။
စိတ်ကြွရူးသွပ်ဆေးပြားဟုခေါ်သော မြင်းဆေး(WY)ကို ၁၉၈၀ခုနှစ်တွင် စတင်ထုတ်လုပ်လာသည်။၎င်းဆေးကို ထိုင်း-တရုတ် ကပြား ကလျာဏီအာရွှန်ပစ်အာနက် ဟုခေါ်သော အမျိုးသမီးကြီး၏ သားနှစ်ဦးက တိုင်ပေ တက္ကသိုလ်တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင် စတင်ဖန်တီးခဲ့သည်။ယာဘဆေးကို မက်တာဖက်တမင်း(Mathamphathamin)နှင်င့် ကဖင်း(Caffeine)ဓာတ်တို့ကို ပေါင်းစပ်ပြီး ဓာတုပစ္စည်းများဖြင့် တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။
စိတ်ကြွရူးသွပ်ဆေး(မြင်းဆေး)စွဲသူများတွင် အောက်ပါလက္ခဏာများတွေ့ရပေသည်။
(၁)တစ်ဦးတည်း အမြဲနေထိုင်လိုခြင်း
(၂)တစ်ခုခုကို အမြဲတွေးတောပြီး မျက်လုံးများကြောင်နေခြင်း
(၃)စကားများ မလိုဘဲ ပြောလာခြင်း
(၄)သွားများကို အပေါ်အောက် အံကြိတ်နေခြင်း
(၅)ခြေကျင်ဝတ်များ သေးလာခြင်း
(၆)သွားများ မညီမညာ ဖြစ်လာခြင်း
(၇)မသုံးစွဲရပါက စိတ်တိုလွယ်ခြင်း
(၈)အသားအရေများ မွဲခြောက်နေခြင်း
(၉)နေ့အချိန်တွင် အလွန်အကျွံ အိပ်ခြင်း
(၁၀)ညအိပ်ချိန်တွင် မအိပ်ဘဲ တစ်စုံတစ်ရာ ပြုလုပ်နေခြင်း
(၁၀)ညအိပ်ချိန်တွင် မအိပ်ဘဲ တစ်စုံတစ်ရာ ပြုလုပ်နေခြင်း
ကိုယ်၏မိသားစုထဲတွင် တစ်စုံတစ်ဦးက ဤ(၈)ထဲမှ အနည်းဆုံး(၃)ချက် နှင့်ကိုက်ညီနေပါက
>>>ကျောင်းသားလူငယ်များအားလုံးမူးယစ်ဆေးအန္တရာယ်မှကင်းဝေရှောင်ရှားနိုင်ကြပါစေ
No comments:
Post a Comment