Monday, January 16, 2017

မိဘတိုင်း....သိထားသင့်သည့်စိတ်ကြွရူးသွပ်ဆေးပြားများအကြောင်း

                                                       




---စိတ်ကြွရူးသွပ်ဆေးပြားသည် မက်တာဖက်တမင်း(Mathamphathamin)ခေါ် ဓာတုဓာတ်ပေါင်းဆေးဝါးနှင့် ကဖင်း(Caffeine)ဟုခေါ်သော သဘာဝဓာတ်ပေါင်း တစ်မျိုးတို့ပေါင်းစပ်ပြီး ထုတ်လုပ်ထားသော ဆေးဖြစ်ပါသည်။ကဖင်း(Caffeine)သည် အဓိက အားဖြစ် ကော်ဖီစေ့တွင် ပါဝင်ပြီး လူကိုတတ်ကြွလန်းဆန်းစေသည်။

မက်တာဖက်တမင်း(Mathamphathamin)ကို ၁၈၈၇ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်၌ ရိုမေးနီးယား ဓာတုပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့သည်။ယင်းဆေးပြားကို သုံးစွဲခြင်းဖြင့်အမောအပန်းခံနိုင်ခြင်း၊တတ်ကြွလန်းဆန်းခြင်းဟူသော ယူဆချက်ဖြင့် ဂျာမန်တပ်မတော်၏ တပ်သားများကို သုံးစွဲစေခဲ့ပါသည်။ထို့နောက် ဂျာမန်တပ်မတော်သားများ သာမက မဟာမိတ်တပ်ပေါင်းစုတို့ကပါ သုံးစွဲခဲ့ကြကြောင်း ဆိုကြသည်။ယင်းဆေးကို ကမ္ဘာအနှံသို့ ပြန့်နှံ့ ရောက်ရှိလာကာ တိရစ္ဆာန်​များ၏ဆေးဝါးအဖြစ် ပြိုင်မြင်းများကို အမောအပန်းခံနိုင်ရန် တိုက်ကျွေးကြသဖြင့်"မြင်းဆေး"ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ယခုအခါ ယာမခေါ် မြင်းဆေးဟု လူသိများလာသည်။
  စိတ်ကြွရူးသွပ်ဆေးပြားဟုခေါ်သော မြင်းဆေး(WY)ကို ၁၉၈၀ခုနှစ်တွင် စတင်ထုတ်လုပ်လာသည်။၎င်းဆေးကို ထိုင်း-တရုတ် ကပြား ကလျာဏီအာရွှန်ပစ်အာနက် ဟုခေါ်သော အမျိုးသမီးကြီး၏ သားနှစ်ဦးက တိုင်ပေ တက္ကသိုလ်​တွင် ဓာတု​ဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင် စတင်ဖန်တီးခဲ့သည်။ယာဘဆေးကို မက်တာဖက်တမင်း(Mathamphathamin)နှင်င့် ကဖင်း(Caffeine)ဓာတ်တို့ကို ပေါင်းစပ်ပြီး ဓာတုပစ္စည်းများဖြင့် တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။

စိတ်ကြွရူးသွပ်ဆေး(မြင်းဆေး)စွဲသူများတွင် အောက်ပါလက္ခဏာများတွေ့ရပေသည်။

(၁)တစ်ဦးတည်း အမြဲနေထိုင်လိုခြင်း
(၂)တစ်ခုခုကို အမြဲတွေးတောပြီး မျက်လုံးများကြောင်နေခြင်း
(၃)စကားများ မလိုဘဲ ပြောလာခြင်း
(၄)သွားများကို အပေါ်အောက် အံကြိတ်နေခြင်း
(၅)ခြေကျင်ဝတ်များ သေးလာခြင်း
(၆)သွားများ မညီမညာ ဖြစ်လာခြင်း
(၇)မသုံးစွဲရပါက စိတ်တိုလွယ်ခြင်း
(၈)အသားအရေများ မွဲခြောက်နေခြင်း
(၉)နေ့အချိန်တွင် အလွန်​အကျွံ အိပ်ခြင်း
(၁၀)ညအိပ်ချိန်တွင် မအိပ်ဘဲ တစ်​စုံတစ်​ရာ ပြုလုပ်နေခြင်း
 ကိုယ်၏မိသားစုထဲတွင် တစ်စုံတစ်ဦးက ဤ(၈)ထဲမှ အနည်းဆုံး(၃)ချက် နှင့်ကိုက်ညီနေပါက
၎င်းကို အထူးကြပ်ကြပ်မတ်မတ် စောင့်ကြည့်ရန် လိုအပ်ပေသည်။






   >>>ကျောင်းသားလူငယ်များအားလုံးမူးယစ်ဆေးအန္တရာယ်မှကင်းဝေရှောင်ရှားနိုင်ကြပါစေ

Sunday, January 15, 2017



🚢🚢🚢Titanic ဘာလို့မြုပ်လဲ?????
***********************************

-------------1860 သို့မဟုတ် 1870 ခုနှစ်တွင်  ဗြိတိသျ လူမျိုး ခရီးသွား ၄ ယောက်သည် အီဂျစ် တွင်
_မင်းဆက် 21 ခုမြောက်မှ မင်းသမီးAmen Ra မံမီကို ရှာဖွေတွေ့ရှိခဲ့ပြီး _အိမ်သို့သယ်ဆောင်ဖို့
_စီစဉ်ခဲ့ကြသည်  သို့သော် လေးယောက် ထဲမှ နှစ်ယောက် ဟာ သေနက် _မတော်တဆ မှုဖြင့် သေဆုံး ခဲ့သလို ကျန်နှစ်ယောက်ဟာ လည်း........ _အချိန်တို အတွင်းမတော် တဆ မှုဖြင့် သေဆုံခဲ့ရသည်။
    _ အဆိုပါ မံမီရုပ် အလောင်း ကို ခရီးသွား လေးယောက် ထဲမှ တစ်ယောက် _၏ အမဖြစ်သူမှ သိမ်းစည်း ခဲ့ရာ သူမ၏ နေအိမ်တွင်လည်း ကံမကောင်းမှုများ _ဆက်တိုက် ဆိုသလို ကြုံတွေ့  ခဲ့ကြရာ
_နောက်ဆုံး ဗြိတိသျုပြတိုက်သို့ ထိုမံမီကို ပို့ဆောင် ခဲ့ရပါသည်။
 _   ပြတိုက်ထဲတွင် ရှေးဟောင်း ပစ္စည်း အမှတ် 22542 _ဖြင့်ထားရှိခဲ့သည်။
_   ပြတိုက်ထဲ တွင်လဲ မတော် တဆမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာ၍ _ညစောင့်များ ပင်
_ဤ မံမီရုပ် အလောင်းနားသို့ မလာရဲ တော့ပေ
_   နောက်ဆုံး ပြတိုက် ထဲတွင် ယုံကြည် သူတစ်ချို့ က မံမီကို ရောင်းဖို့  _စီစဉ်ခဲ့ကြရာ
_ အမေရိကန် လူမျိုး ဝယ်လက် ဖြင့် ချိတ်ဆက်မိပြီး။
     _  မံမီကို ( cursed object) ကျိမ်စာသင့် ပစ္စည်းဟု တံဆိပ် ကပ် ခါ  _အတ္တလန်တစ် ကိုဖြတ်ဖို့    သင်္ဘော ပေါ်ပို့ ဆောင်ခဲ့ သည်
_၄င်းသင်္ဘော နမ်မည် ကတော့  နစ်မြုပ်သွားတဲ့
_သင်္ဘော ကြီး Titanic ( တိုက်တန်းနစ်)ဖြစ်ပါသည်။
     _ဤမံမီကို သယ်ဆောင်လာသည့် တိုက်တန်းနစ် သင်္ဘော _သည်( 02:00 Lt)15th Apr 1912 တွင် နယူးဖေါင်းလန်း နားတွင်  _ရေခဲမြော ဖြင့် ဝင်တိုက်မိပြီး လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့သည်။

_   ၄င်းမံမီ သယ်ဆောင် ခဲ့ သည့် သတင်းကတော့ _အမြဲတမ်းဖုံးဖိထားပေလိမ့်မည် အဘယ့်ကြောင့် ဆိုသော်

 _   ပြတိုက်ဝန်ထမ်း  သင်္ဘော ဆိမ်ကမ်း ဝန်ထမ်း
_များ သည်   လူဦးရေ  ၁၅၀၀ ကျော် သေဆုံးမှုအတွက် ခေါင်းခံ လိမ့်မည် _မဟုတ်ပေ။

_လိုအပ်သည့် Website ထဲမှစာများကို ကိုးကားဖေါ်ပြထားပါသည်။

According to the British Museum website, the mummy-board is said to have been bought by one of four young English travellers in Egypt during the 1860s or 1870s. Two died or were seriously injured in shooting incidents, and the other two died in poverty within a short time. The mummy-board was passed to the sister of one of the travellers but as soon as it had entered her house the occupants suffered a series of misfortunes. A celebrated clairvoyant is alleged to have detected an evil influence and urged the owner to dispose of the object, and so it was presented to the British Museum. But the accidents continued and night guards refused to go anywhere near the gallery in which it was displayed. The museum trustees decided to sell the exhibit. It was bought by an American who desired the antiquity for his personal collection, and who had the cursed object sealed in a container and placed aboard ship for its journey across the Atlantic.The ship was the Titanic.
By Thanzinmoezat

Uploader-#KyawThuLin

Friday, January 13, 2017

နှစ်ကျိပ်ရှစ်ဆူ

နှစ်ကျိပ်ရှစ်ဆူ
*****************

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ကမ္ဘာအသစ်တစ်ခု ဖြစ်လာသည်နှင့် ကြာပွင့်ကြီးများ နှင့် သင်္ကန်းများလည်း ဖြစ်ထွန်းပါလာသည် ဆို၏ ။ ထိုသို့ ကြာပွင့်ကြီးများ နှင့် သင်္ကန်းမပါသော ကမ္ဘာကို “သုညကမ္ဘာ ” ဟုခေါ်ဆိုကြသည် ။ ကြာပွင့်ကြီးများ နှင့် သင်္ကန်းများအရေအတွက်အတိုင်း ဤကမ္ဘာတွင် ဘုရားဘယ်နှစ်ဆူပွင့်မည် ဟု ဗြဟ္မာကြီးများမှ ကြိုတင်သိရှိကာ ဘုရားလောင်း တောထွက်လာသောအခါမှ ကပ်လှူရန် သင်္ကန်းများကို သိမ်းဆည်းထားလိုက်ကြသည် ဆို၏။

၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “

၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”

၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”

၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”

၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”

- ဟု ခေါ် ဝေါ်ကြသည်။

(၂၈) ဆူသော ဘုရားများရေတွက်ပုံ

” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၄) ဆူ

” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ

” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ

” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ

” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၅) ဆူ

သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။

ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ

၁) တဏှင်္ကရာ ဘုရားရှင်

၂) မေဓင်္ဂရာ ဘုရားရှင်

၃) သရဏှင်္ဂရာ ဘုရားရှင်

၎) ဒီပင်္ကရာ ဘုရားရှင်

၅) ကောဏ္ဍည ဘုရားရှင်

၆) မင်္ဂလ ဘုရားရှင်

၇) သုမန ဘုရားရှင်

၈) ရေ၀တ ဘုရားရှင်

၉) သောဘိတ ဘုရားရှင်

၁၀) အနောမဒဿီ ဘုရားရှင်

၁၁) ပဒုမ ဘုရားရှင်

၁၂) နာရဒ ဘုရားရှင်

၁၃) ပဒုမုတ္တရ ဘုရားရှင်

၁၄) သုမေဓာ ဘုရားရှင်

၁၅) သုဇာတာ ဘုရားရှင်

၁၆) ပိယဒဿီ ဘုရားရှင်

၁၇) အတ္ထဒဿီ ဘုရားရှင်

၁၈) ဓမ္မဒဿီဘုရားရှင်

၁၉) သိဒ္ဓတ္ထ ဘုရားရှင်

၂၀) တိဿ ဘုရားရှင်

၂၁) ဖုဿ ဘုရားရှင်

၂၂) ၀ိပဿီ ဘုရားရှင်

၂၃) သိခီ ဘုရားရှင်

၂၄) ဝေဿဘူ ဘုရားရှင်

၂၅) ကကုသန် ဘုရားရှင်

၂၆) ကောဏဂုံ ဘုရားရှင်

၂၇) ကဿပ ဘုရားရှင်

၂၈) ဂေါတမ ဘုရားရှင်

Uploader-#KTL

by စွယ်​စုံကျမ်း

ကျိုက္ခမီ မြို့အကြောင်း

ကျိုက္ခမီ မြို့အကြောင်း

ကျိုက္ခမီမြို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ အနောက်ဘက် ပင်လယ်ကမ်းခြေပေါ်တွင် တည်ရှိသည်။ မော်လမြိုင်မြို့မှ ကုန်းလမ်းခရီးဖြင့်လာလျှင် (၅၅)မိုင်ဝေးပြီး ရေလမ်းခရီးဖြင့် မိုင် (၃၀) ဝေးလေသည်။ ဧရိယာစတုရန်းမိုင် (၈.၃၆) ကျယ်ဝန်းသော ကုန်းမြေပေါ်တွင် တည်ရှိ၍ မြို့မှာ သန့်ရှင်းလှပသည်။

ကျိုက္ခမီမြို့၏ အနောက်ဖက်ကမ်းခြေအနီးရှိ ကျိုက္ခမီရေလယ်ဘုရားကြီးကြောင့် နာမည်ကျော်ကြားရသည်။ တိုက်နယ်ဆေးရုံ၊ စာတိုက်၊ အထက်တန်းကျောင်းနှင့် လျှပ်စစ်မီးစက်များရှိသည်။

ကျိုက္ခမီမြို့၏ အတိတ်သမိုင်းမှာ ကျိုက္ခမီရေလယ်ဘုရားကြီးနှင့်အတူ ရှည်လျားလှသည်။ ကျိုက္ခမီမြို့သည် သီဟိုဠ်ကျွန်းမှ မျောပါရောက်ရှိလာသည့် သင်္ကန်းတုံးခံသော ရုပ်ပွားတော် မဆိုက်ကပ်မီကပင် ရွာကလေးတစ်ရွာအဖြစ် ရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် (၈) ၀ါမြောက် သက္ကရာဇ် (၁၁၁)ခုနှစ်၌ မြတ်စွာဘုရားကိုယ်တိုင် ကျိုက္ခမီမြို့နယ်တစ်ဝိုက်သို့ ရောက်ရှိတော်မူခဲ့ကြောင်းနှင့် ကျိုက္ခမီဘုရားတည်ရာ ကျောက်တောင်ပေါ်၌ ခေတ္တနေသန့်စင်တော်မူသွားကြောင်း သမိုင်းဟောင်းများတွင် တွေ့ရသည်။ နောင် နှစ်ပေါင်း များစွာကြာလာသောအခါ ကျိုက္ခမီသည် မုတ္တမ (၃၂) မြို့အပါအ၀င် ၀ါဂရုမြို့စားကြီး၏ ကြီးကြပ်မှုအောင်တွင်လည်းကောင်း၊ ၀ါဂရုမြို့နယ်တွင်လည်းကောင်း ပါဝင်ခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၂၆-ခုနှစ်၊ အင်္ဂလိပ်မြန်မာ ပထမစစ်အပြီးတွင် ကျိုက္ခမီမြို့ကို တနင်္သာရီတိုင်း ရုံးစိုက်ရာမြို့အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ သို့သော် ခေတ္တခဏသာဖြစ်ခဲ့ပြီး တစ်နှစ်အတွင်း မော်လမြိုင်မြို့ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၀၁-ခုနှစ်တွင် ကျိုက္ခမီမြို့အဖြစ် သတ်မှတ်ခြင်းခံရပြီး မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်လည်းကောင်း တည်ရှိခဲ့သည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အမ်းမာ့စ်ကို အစွဲပြု၍ အမ်းမာ့စ်မြို့ဟုလည်း အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုသည်။ ၄င်းပြင် လူအများစုသည် စပါးစိုက်ပျိုးခြင်း၊ ရော်ဘာလုပ်ငန်း ဆားလုပ်ငန်းနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ကျိုက္ခမီမြို့ကို ရှေးအခါက တုံဇောင်ပိ (ပင်လယ်ကမ်းခြေမြို့)ဟု လည်းကောင်း၊ ရုပ်ပွားတော်မြတ်ကို မုဆိုးမကြီး၏ အဓိဋ္ဌာန်ဖြင့် ပင်လယ်ပြင်မှ ကြွရောက်ပါလာသည်ကို အစွဲပြု၍ မွန်ဘာသာဖြင့် ကျော်ဟမီ (ဘုရားမျှော်မြို့)၏ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ကျိုက္ခမီမြို့သည် သာယာလှပသော ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်၍ ပင်လယ်လေညှင်းခံရာ မြို့အဖြစ် ထင်ပေါ်ကျော်ကကြားခဲ့သည်။ နိုင်ငံတော်အစိုးရသည် ၁၉၆၄-ခုနှစ်တွင် ပို၍ အချက်အချာကျသော သံဖြူဇရပ်မြို့သို့ ရုံးများပြောင်းရွေ့၍ ကျိုက္ခမီမြို့နယ်အစား သံဖြူဇရပ်မြို့နယ်ဟူ၍ ပြောင်းလဲ သတ်မှတ်ခဲ့သည်။


အရပ်ရပ် မှတ်သားရန် အချက်များ

၁။ ရေလယ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ရုပ်ပွားတော် အရှင်မြတ်မှာ ဉာဏ်တော် နှစ်ထောင်ခန့်ရှိသည်။ ကျောက်ဆောင်ပေါ်တွင် နဂါးရုပ်နှင့် နဂါးဦးခေါင်း အုပ်မိုးလျက်တည်ရှိသည်။ ၄င်းကျောက်ဆောင်ကို တောင်သဏ္ဍာန်ပြုလုပ်ထားသောကြောင့် ဘုရားကိုယ်တော်အရှင်မြတ်မှာ တောင်ထွက်များတွင် တည်နေသီတင်းသုံးတော်မူသကဲ့သို့ ရှိသည်။ ၄င်းရုပ်ပွားတော်အောက် (ထိုတောင်သဏ္ဍာန်ပတ်လည်အပေါ်ထပ်တွင်) ဉာဏ်တော်သုံးတောင်စီရှိ ရုပ်တုတော်ရှစ်ဆူ၊ အောက်ထပ်တွင် ဉာဏ်တော်ငါးတောင်ထွာခန့်ရှိ ရုပ်တုတော်ရှစ်ဆူနှင့် ရုပ်တုတော်ကြီး လေးဆူ၊ မျက်နှာတော်ချင်းဆိုင် ထောင့်လေးထောင့်၌ တစ်ထောင့်လျှင် ဉာဏ်တော်သုံးတောင်ခန့်ရှိ ရုပ်ပွားတော်တစ်ဆူစီ တည်ထားလျက် ရှိသည်။

အံဖွယ်ငါးပါး

(၁) ဘုရားပတ်လည်အနီးအပါးတွင် ကျောက်ခဲငယ်များမရှိဘဲ ၄င်းဘုရား၏ အရှေ့ဘက် အမျိုးသမီးများ အာရုံပြု၍ ပူဇော်ကန်တော့သောနေရာနှင့်တကွ အလျာအတောင် တစ်ရာ၊ အနံ အတောင် သုံးဆယ်ခန့်ရှိသော ထက်ဝန်းကျင်နေရာများ၌ အလိုအလျောက် ကျော်ခဲငယ်များ၊ ပျံ့နှံ့လျက် တစ်နှစ်ထက်တစ်နှစ် ပွားများလာခြင်း။

(၂) အခြားတစ်ပါးသော အရပ်များ၌ ရွှံ့ညွန်များစွာရှိငြားသော်လည်း ၄င်းကျောက်ခဲငယ်များရှိရာ အရပ်၌ ရွှံ့ညွန် ကင်းလွတ်ခြင်း။

(၃) ရေတက် ရေကျသောအခါ ဘုရားသါားရာလမ်းတစ်လျှောက်တွင် လှိုင်းများသည် ဘုရားကြီးကိုကန်တော့သည့် သဏ္ဍာန်ဖြစ်ပြီးမှ ရေတက်ရေကျဖြစ်ခြင်း။

(၄) မည်မျှလောက် လှိုင်းလေနှင့် ရေကြီးမြင့်လွှမ်းမိုး၍ ပင်လယ်ရေတက်လာသော်လည်း ဘုရားကျောင်း အဆင့်ပေါ်သို့ ရေမရောက်ပါ။ ပင်လယ်ရေးများမှာ ဘုရားကျောင်းအောက်သို့ လှိုင်းပုတ်လျက် ထွက်သွားခြင်း။

(၅) ဘုရားကျောင်းပေါ်သို့ အမျိုးသမီးများ တက်ခွင့်မရ၊ ရှေးအခါက မသိ၍ တက်မိသော အမျိုးသမီးမှာ တစ်စုံတစ်ရာဝေဒနာကပ်ရောက်ခြင်း၊ အချိန်အခါမဲ့ လေပြင်းမုန်တိုင်းကျခြင်း၊ မိုးကြီးစွာ ရွာသွန်းခြင်းအားဖြင့် ပေါင်း အံ့ဖွယ်ငါးပါးတည်း။

၂။ ယခုအခါ တစ်စုံတစ်ယောက်သော အမျိုးသမီးမျှ ဘုရားကြီးကျောင်းပေါ်သို့ တက်ဝံ့သူမရှိ၊ ထိုကဲ့သို့ ဝေဒနာအန္တာရာယ်ကပ်ရောက်ခြင်းကို ထောက်ထားဆင်ခြင်လျှင်

ဘုရားရှင်တို့၏ ထုံးတမ်းစဉ်လာ စရိယသုံးပါးမှာ -

(၁) လောကတ္ထ စရိယ-သတ္တလောကတည်းဟူသော လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့အကျိုးငှာ ကျင့်တော်မူခခြင်း။
(၂) ဉာတတ္ထစရိယ-ကိုယ်တော်တိုင် ဘုရားအဖြစ်သို့ ရောက်အောင် ကျင့်တော်မူခြင်း။

ဤကဲ့သို့ စရိယသုံးပါးကို ထောက်ထားပြုကျင့်တော်မူလျက် ဘယ်အတွက်ကြောင့် မိန်မများ မတက်ရသည်ကို ဆင်ခြင်စဉ်းစားပါလျှင် ဆံတော် တစ်ဆယ့်တစ်ဆူတို့သည် ကျောက်ဆောင်အတွင်း ဂူထဲတွင် ကိန်းဝပ်စံပယ်နေတော်မူသောကြောင့် (ဆံတော်ဓာတ်တို့၏အမြင့်က) ဘုရားကျောင်းပေါ်မှ မိန်းမများနေခြင်းကို ဆံတော်စောင့်နတ်များ မကြိုက်မနှစ်သက်သောကြောင့် နောက်နောင် မတက်ဝံ့စေခြင်းငှာ နတ်များ ခြောက်လှန့်သည်ဟု တွေးတောယူဆရန် ရှိသည်။

၃။ လွန်ခဲ့သော ၁၂၇၅-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၅)ရက်နေ့၊ ညနေ (၄)နာရီအချိန် ရေသတ္တ၀ါနဂါးသည် ရေလယ်မြတ်ဘုရားအား ဖူးမြော်ရန် လာရောက်သည်ကို အချို့လူများ တွေ့မြင်ရကြောင်း သမိုင်းဟောင်း၌ ဆိုသည်။ သို့ဖြစ်ပါ၍ အဟိတ်သား ရေသတ္တ၀ါနဂါးသော်မှ ဘုရားတည်းဟူသော သရဏဂုံကို ယုံကြည်ခြင်းထူးသဖြင့် ဖူးမြော်ရန် လာရောက်လေသည်။ အကျွန်ုပ်တို့ လူသတ္တ၀ါ ဒွိဟိတ် တိဟိတ်သားတို့မှာ အဘယ်သို့ ဆိုဖွယ်ရာမရှိ၊ ဂွမ်းဆီထိသည့် မပာပီတိ သောမနဿ စေတနာဖြင့်ဖန်ခါခါဆည်းကပ်၍ မပြတ်မလပ်ကြည်ညိုဖူးမြော်ရန် ရှိသင့်ပါတော့သည်။

၎။ ဤကဲ့သို့ ရုပ်ပွားတော် ဆင်းတုတောင်များကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်ခြင်းနှင့် စပ်လျဉ်း၍ မြစ်သားမြို့၊ အမိန့်တော်ရ ရှေ့နေဦးစံဖေ၏ လျှောက်ချက်ဖြစ်သော ပုစ္ဆာငါးရပ်ကို လယ်တီဆရာတော်ဘုရားကြီး ဖြေရှင်းတော်မူချက်များ၊ နောင်လာနောက်သား လူအများတို့ မှတ်သားနာယူကြရန် ရည်သန်ခြင်းဖြင့်

ထည့်သွင်းဖော်ပြလိုက်ပါသည်။

(၁) သစ်သားရုပ်တု ဆင်းတုတော်ကိုးကွယ်ရာတွင် အနေကဇာတင်ခြင်းနှင့် မတင်ခြင်းသည် အဘယ်သို့ ခြားနားပါသနည်းဟူသော ပုစ္ဆာအဖြေကား ကို နောက်ပို့စ် တစ်ခုတွင် ဆက်လတ် တင်ပေးသွားပါမည်။

Ref:"ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီးသမိုင်း" စာအုပ်မှ

ကျောင်းဆရာမ မသန့်ဇင်ဦး(ကျိုက္ခမီမြို့သူ)အကူအညီဖြင့် စာပြန်ရိုက်ဖော်ပြခြင်း ဖြစ်ပါသည်။

စာပြန်ရိုက်ဖော်ပြသူ - ကိုလင်းနိုင်ဦး



ကျိုက္ခမီမြို့၏ သမိုင်း မြေလှန်ခြင်း(၁)


"ကျိုက္ခမီမြို့၏ သမိုင်းကြောင်း  ပြန်လှန်ခြင်း(၁)"

ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာ

စစ်ပွဲပြီးသည့်နောက်ပိုင်း ၁၀နှစ်ခန့်ကြာသောအခါ

မြန်မာတစ်နိုင်ငံလုံးရှိ နယ်ပယ်ဒေသတို့ကို

ပေါင်းစည်းပြီး၁၈၆၂ခုနှစ်တွင်

ဗြိတိသျှမြန်မာနိုင်ငံ᠌᠌᠌ အဖြစ် ကိုလိုနီနယ်ချဲ့တို့က

ဖွဲ့စည်းတည်ထောင် အုပ်ချုပ်ခဲ့သည်။အင်္ဂလိပ်တို့က

ဗြိတိသျှကိုလိုနီနိုင်ငံအဖြစ် မြန်မာနိုင်ငံကို

ဖွဲ့စည်းလိုက်သောအခါတွင် တိုင်းကြီးသုံးတိုင်းသာ

ရှိသေးသည်။(ရခိုင်တိုင်း၊ပဲခူးတိုင်း၊တနသာင်္ရီတိုင်း)....

ရခိုင်တိုင်းတွင် ခရိုင်(၃)ခု.....(စစ်တွေ၊ရမ်းဗြဲ၊သံတွဲ)

ပဲခူးတိုင်းတွင် ခရိုင်(၅)ခု.....(ရန်ကုန်၊ပုသိမ်၊

မြန်အောင်၊ပြည်၊တောင်ငူ)

တနသာင်္ရီတိုင်းတွင် ခရိုင်(၄)ခု....(ကျိုက္ခမီ၊ရွှေကျင်၊

ထားဝယ်၊မြိတ်)ဟူ၍ အသီးသီး ရှိခဲ့ကြသည်။

၎င်းအချိန်တွင်...ကျိုက္ခမီ သည်

ခရိုင်အဆင့်ဖြစ်သည်။ဝါခရူ

ဆိုသည်...မွန်လူမျိုးတို့၏ မြို့ဖြစ်ပေသည်။

ယခု..မြို့နယ်အဆင့်ဖြစ်နေသော...သံဖြူဇရပ်

ဆိုသည်ကား..ကားလမ်းဆုံတွင်ရှိသော...ရွာလေး

တစ်ရွာအဆင့်မျှသာ....ရှိနေပေသည်။

(ကျိုက္ခမီ ခရိုင်မှ....မြို့အဖြစ်သို့ ...စတင်ပြောင်းလဲခြင်း)

မြန်မာနိုင်ငံ လွတ်လပ်ရေး .....

ရပြီကာလ(၁၄)နှစ်ခန့်အကြာ...၁၉၆၂ခုနှစ်တွင်

သမိုင်းအလှည့်အပြောင်းတစ်ရပ်

ပေါ်ပေါက်လာခဲ့ပေသည်။အဘက်ဘက်မှ

ယိုယွင်းလာသော အခြေအနေများကို

အကြောင်းပြု ၍...မြန်မာ့တပ်မတော်က

နိုင်ငံတော်အာဏာကို ထိန်းသိမ်း ပြုမူဆောင်ရွက်ခဲ့ပြီး

ပြည်ထောင်စု မြန်မာနိုင်ငံတော် ᠌᠌᠌အဖြစ် စတင်

တည်ထောင်ခဲ့ပါသည်။

၁၉၇၄ခုနှစ်၊ဇန်နဝါရီလ(၃)ရက်၊ကြာသပတေးနေ့တွင်

ပြည်​လုံးကျွတ်​ ဆန္ဒ ခံယူပွဲ ပြုလုပ်ပြီး

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ᠌᠌᠌ အရ
တနသာင်္ရီတိုင်း(၂)ကို တနသာင်္ရီတိုင်း၊

တနသာင်္ရီတိုင်း(၁)ကို မွန်ပြည်နယ် ᠌᠌᠌ဟု

သတ်မှတ်ခဲ့ပါသည်။ဤအုပ်ချုပ်ရေးစနစ်သစ်

ဖော်ထုတ်မှုအရ ...ကျိုက္ခမီ ခရိုင် ဟူသည်

ပျောက်ကွယ် သွားရလေသည်။

ကျိုက္ခမီ ဟူသည် ခရိုင်အဖြစ် နှစ်ပေါင်း ၁၁၂ နှစ်တိုင်

ရပ်တည်ခဲ့ဖူးလေသည်.........

Uploader: KTL